ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ ပြစ်ဒဏ်အသီးသီးချမှတ်



MNP ၊ မတ် ၁၈

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က တိုင်းပြည်၏ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူပြီးနောက်ပိုင်း NLD ဦးဆောင်သူများမှ CRPH, NUG အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အလုံးစုံပျက်သုဉ်းရေး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြရာ ၎င်းတို့ကို ထောက်ခံအားပေးသူများက PDF အကြမ်းဖက်သမားများအဖြစ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြပြီး အကြမ်းဖက်လှုံ့ဆော်မှုများကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ အကြမ်းဖက်သမားများထဲမှ ၁၇-၃-၂၀၂၃ ရက်နေ့က မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နိုင်ငံတော်အစိုးရအား အကြည်အညိုပျက်စေမည့် စာသားများ၊ မဟုတ်မမှန် သတင်းများအား ရေးသားဖြန့်ဝေလျက်ရှိသူ တရားခံ ပိုင်ပိုင်ဦး(ခ) ဇင်မင်းပိုင်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

အလားတူ ဟုမ္မလင်းမြို့နယ်၊ မန်စိမ်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး ခရီးသွားလာမှု လမ်းကြောင်းတစ်လျှောက်တွင် အကြမ်းဖက်အဖွဲအစည်းများအား တွေ့ရှိခဲ့သော်လည်း သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ ၅၂(ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ချောင်းဦးမြိုနယ်၊ မင်းတည်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့အလှူခံထားခြင်းများ ရေးသားပြောဆိုထားသူ တရားခံ သန်းဌေးဝင်း နှင့် တရားခံ နိုင်မင်းဌေး တို့အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)/ယင်းပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲအစည်းများအား ထောက်ခံသော စာသားများအား ရေးသားဖြန့်ဝေခြင်း၊ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ရန် စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်ခဲ့သူ တရားခံ ဆန်းလင်းဦးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကားကျေးရွာတွင် နေထိုင်လျက်ရှိပြီး နိုင်ငံတော်၏ လုပ်ငန်းစဉ်များအား အနှောက်အယှက် ဖြစ်ပေါ်စေရန် နှင့် ပြည်သူများ နှင့် ဝန်ထမ်းများအား ပြစ်မှုကျူးလွန်လာစေရန် လှုံ့ဆော်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သူ တရားခံ တိုးတက်အောင်(ခ)တွက်လေး နှင့် တရားခံ ကျောင်ဝင်းဦး တို့အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ် အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment