MNP ၊ မတ် ၁၆
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပထဝီဝင်ဘာသာရပ်အား ယနေ့ နံနက် ၉ နာရီကစတင်ကာ မြောက်ဦးမြို့နယ် အတွင်း စာစစ်ဌာန(၂)ခု၌ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၉၄)ဦးတို့ကတည်ငြိမ်အေးချမ်းစွာဝင်ရောက် ဖြေဆိုလျှက်ရှိကြောင်းသိရသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်အ ဆင့်ဌာ နဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှအတွင်းစည်း၊ အပြင်စည်းများဖြင့်ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးလျှက်ရှိသည်။မြောက်ဦးမြို့နယ်အတွင်းရှိစာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား၊ ကျောင်းသူစုစု ပေါင်း (၁၀၃)ဦးရှိပြီး အထက-၂ စာစစ်ဌာနတွင်(၈၃)ဦး၊ အထက-မြောင်းဘွေစာ စစ်ဌာနတွင် (၁၁)ဦး၊ စုစုပေါင်းစာစစ်ဌာန(၂) မှ ဝင်ရောက်ဖြေဆိုသူ(၉၄)ဦး၊ ပျက်ကွက် (၉) ကြောင်း ၊ စာစစ်ဌာန (၂) ခုတွင် ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ရာခိုင်နှုန်း (၉၁.၂၆) ရှိပြီး ပျက်ပျက်ရာခိုင်နှုန်းမှ (၈.၇၄) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost


No comments:
Post a Comment