သရက်ခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာစီစာကုံး ရေးသားနည်း သင်တန်းဖွင့်လှစ်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်ခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာစီစာကုံး ရေးသားနည်း သင်တန်းဖွင့်လှစ်မည်


MNP ၊ မတ်  ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍  စာစီစာကုံး ရေးသားနည်းသင်တန်းကို ၂၀၂၃ခုနှစ် ဧပြီ(၁) ရက်မှ (၇)ရက်နေ့အထိ နံနက်(၈)နာရီမှ (၁၀)နာရီထိ Grade-6 မှ Grade-10 ထိ သင်တန်းသား/ သင်တန်းသူ (၄၅) ဦးဖြင့် Community Centre ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် အငြိမ်းစား မြန်မာစာ ဆရာ/ဆရာမများဖြစ်သည့် ဆရာ ဦးအောင်မြင့်၊ ဆရာမ ဒေါ်အေးအေးစန်းတို့က ဖွင့်ဆိုရှင်းပြ ရေးသားနည်း၊ ကျိုးကြောင်းပြ ရေးသားနည်း၊ သရုပ်ဖော် ရေးသားနည်း၊ ဖြစ်စဉ်ပြ ရေးသားနည်း ဘာသာရပ်တို့ကို အခမဲ့ သင်ကြားပို့ချပေးမည်ဖြစ်ကာ သင်တန်းတက်ရောက်လိုပါက Grade-6 မှ Grade–10 ထိ ကျောင်းသား/ကျောင်းသူများ မတ်လ(၂၅) ရက်နေ့ နောက်ဆုံးထာ၍ ဈေးရပ်ကွက် သံကြိုးလမ်းရှိ ခရိုင် ပြည်သူ့စာကြည့်တိုက် စာကြည့် တိုက်မှူးထံ စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။


ဇော်ထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)