ရွှေတောင် မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခုတွင် ကျောင်းသား/ကျောင်းသူ (၄၅၆)ဦး ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခုတွင် ကျောင်းသား/ကျောင်းသူ (၄၅၆)ဦး ဖြေဆို





MNP ၊ မတ်  ၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ (၄၅၆)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။


အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရွှေတောင်မြို့နယ်  ( အထက) အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနတွင် ကျောင်းသား(၁၃၆)ဦး၊ ကျောင်းသူ(၁၇၀)ဦး၊ ပေါင်း(၃၀၆)ဦး၊ အခြေခံပညာအထက်တန်းကျောင်း (ကျီးသဲ) စာစစ်ဌာနတွင် ကျောင်းသား (၁၅)ဦး၊ ကျောင်းသူ(၃၁)ဦး၊ ပေါင်း(၄၆)ဦး၊ အခြေခံပညာအထက်တန်း ကျောင်း(ယင်းမူကုန်း) စာစစ်ဌာနတွင် ကျောင်းသား (၂၆)ဦး၊ ကျောင်းသူ(၄၂)ဦး၊ ပေါင်း(၆၈)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်စာရေး) စာစစ်ဌာနတွင် ကျောင်းသား(၁၀)ဦး၊ ကျောင်းသူ(၂၆)ဦး၊ ပေါင်း(၃၆)ဦး၊ တစ်မြို့နယ်လုံးအတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား(၁၈၇)ဦး၊ ကျောင်းသူ(၂၆၉)ဦး၊ စုစုပေါင်း(၄၅၆)ဦးတို့မှ ဝင်ရောက်​ဖြေဆိုခဲ့ကြပြီး အဆိုပါ စာစစ်ဌာန ( ၄) ခုသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းသား၊ကျောင်းသူလေးများစာဖြေဆိုမှုအားကြည့်ရှုစစ်ဆေးခြင်း၊ စာစစ်ဌာနလုံခြုံရေးနှင့် ကျောင်းသား၊ကျောင်းသူ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment