Pages

Pages

ပြန်ကြားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးရဲတင့် စဉ့်ကိုင်မြို့နယ်ရုံးနှင့် တံတားဦးမြို့နယ်ရုံးမှ ၀န်ထမ်းများနှင့်တွေ့ဆုံ



MNP ၊ မတ်  ၁၇

ပြန်ကြားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ စဉ့်ကိုင်မြို့နယ် ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ တံတားဦးမြို့နယ်ဦးစီးအရာရှိ၊ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။


ဝန်ထမ်းများအား အသိပညာဗဟုသုတရှာဖွေဆည်းပူးရေး၊ လူငယ်များအတွက် နွေရာသီတွင် အသိပညာပေးလုပ်ငန်းများနှင့် သင်တန်းများဖွင့်လှစ်သင်ကြားရေး၊ ဝန်ထမ်းသစ္စာအဓိဌာန်(၆)ချက်နှင့်အညီ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန်၊ စာဖတ်၊ စာငှားများ များလာအောင်ကြိုးစားကြရန်၊ နွေရာသီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့သည်။


ဝင်းဝင်းသန်း

 https://t.me/MyanmarNationalPost



No comments:

Post a Comment