မင်းဘူးမြို့တွင် ကြက်သွန်နီဈေး တစ်ပိဿာကျပ် ၁၀၀၀ အထိကျဆင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးမြို့တွင် ကြက်သွန်နီဈေး တစ်ပိဿာကျပ် ၁၀၀၀ အထိကျဆင်း


MNP   -   မတ်   ၂

မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ကြက်သွန်နီဈေး တစ်ပိဿာလျှင် ကျပ် ၁၀၀၀ အထိ ကျဆင်းလျက်ရှိ ကြောင်း  မင်းဘူးမြို့ ကြက်သွန်နီပွဲရုံများမှ သိရသည်။


"ကျွန်တော်တို့ မင်းဘူးပွဲရုံကို လာရောင်းတဲ့ တောင်သူတွေဆိုယခင်က ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂၅၀၀ ဝန်းကျင်ရောင်းရပေမဲ့ ယခု ကြက်သွန်နီဈေး ပြန်ကျနေပြီး တစ်ပိဿာကို လက်လီဈေး ၁၂၀၀/၁၃၀၀ နဲ့ ပွဲရုံဝယ်ဈေး ၁၀၀၀ ကျပ်ဆိုတော့ တောင်သူတွေ အနေနဲ့ အခက်အခဲတော့ရှိတာပေါ့'' ဟု ကြက်သွန်နီ အဝယ်တော် ဦးထွန်းက ပြောသည်။ လက်ရှိကြက်သွန်နီ ဈေးကွက်မှာ တောင်သူတွေထဲက ဥစိုက်ကြက်သွန်နီ စိုက်ခင်းသမားများက နုတ်သိမ်းပြီး ၍ ပျိုးပင်စိုက်ပျိုးသည့် တောင်သူများသာ လာရောက်ရောင်းချကြကြောင်း သိရသည်။


မင်းဘူးမြို့ ကြက်သွန်နီ ဈေးကွက်မှာ ငွေဖလားရှယ်ကြီး လက်လီတစ်ပိဿာ  ၁၃၀၀ ကျပ်နဲ့ လက်ကား တစ်ပိဿာ ၁၁၀၀ ကျပ်သာ ရောင်းရပါတယ်။ အရင်နှစ်က ကြက်သွန်နီဈေး တစ်ပိဿာကို ကျပ် ၂၈၀၀၊ ၃၀၀၀ ဈေးအထိရှိခဲ့ပြီး ကုန်စည်စီးဆင်းမှု လှိုင်လှိုင်မရှိတော့သည့်အပြင် ဈေးကွက်အတွင်း ဝယ်လိုအား သိသာစွာ ကျဆင်းနေသည့်အတွက် ပုံမှန်ဈေးအောက် ရောက်ရှိ၍ ဈေးလျော့နည်းနေကြောင်း ကြက်သွန်နီ လုပ်ငန်းရှင်များက ဆိုကြသည်။ ယခု ဒီဇင်ဘာနှင့် မတ်လဆန်းတွင် ကြက်သွန်နီဈေး ကျဆင်းလျက်ရှိပြီး ပွဲရုံဈေး ၁၀၀၀/၁၁၀၀ ဈေးဖြင့် ရောင်းချနေကြကြောင်း အမှတ် (၄) ကမ်းနားလမ်းမှ ကြက်သွန်နီပွဲစား ဦးအေးလွင်ထံမှ သိရသည်။


ကြက်သွန်နီဈေး ကျဆင်းလျက် ရှိသော်လည်း မင်းဘူးမြို့ရှိ ပွဲရုံများသို့ ကြက်သွန်နီကားများ ပုံမှန်ဝင်ရောက်လျက်ရှိကာ တစ်နေ့လျှင် ကြက်သွန်နီ ပိဿာချိန် ၆၀၀၀၀ ခန့်ပုံမှန် လာရောက် ရောင်းချလျက်ရှိကြောင်း အမှတ် (၄) ပွဲရုံပိုင်ရှင် ဒေါ်လဲ့ပြောက ပြောသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)