MNP ၊ မတ် ၁၉
ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ (၂၀၂၂-၃၀၂၃)ဘဏ္ဍာရေးနှစ် အတွင်းပြည်ထောင်စု /ပြည်နယ် ခွင့်ပြုရန်ပုံငွေများဖြင့်အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သည့် ကျေးလက်လမ်း/တံတားများတည်ဆောက်ပြီးစီးမှုအခြေအနေများကို ကျောက်ဖြုခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်ကျော် မှ ယမန်နေ့က ကွင်းဆင်းစစ်ဆေး
ခဲ့သည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရှိ(မြို့ပြ)နှင့်ဝန်ထမ်းများ၊လမ်းကော်မတီဝင်များ တာဝန်ယူဆောင်ရွက်ခဲ့ကြသည့်ကုမ္ပဏီများမှတာဝန်ရှိသူများလိုက်ပါခဲ့ကြပြီးပြည်နယ်ခွင့်ပြုငွေ ၁၂၄၆၃၂ ကျပ်သန်းဖြင့်မြတ်မင်းသဇင်ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်ခဲ့သည့် ရမ်းဗြဲငယ်ချောင်းဖျား- အဝ-ငလာကြီး-ကညင်ပြိန် - ကျောက်ထရံကျေးရွာချင်းဆက်လမ်း မြေသားတာဘောင်တင်၍ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း၊ ခွင့်ပြုငွေ ၈၉.၁၅၈ သန်းဖြင့် ရမ္မာထူးကုမ္ပဏီမှတာဝနယူဆောင်ရွက်သည့် လေးတောင်ကမ်းခြေသွားလမ်း မြေသားတာဘောင်တင်၍ ဗြုန်းကျောက်ခင်းခြင်းနှင့်၎င်းလမ်းများပေရှိ ကွန်ကရစ်တံတား(၁)စင်းBox Culvert(၂)စင်းလုပ်ငန်းများနှင့် ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီမှုအခြေအနေများကို ကွင်းဆင်းစစ်
ဆေးကြည့်ရှုပြီးလိုအပ်သည်များကိုဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း၊တံတားလုပ်ငန်းများသတ်မှတ် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ေကျးလက်နေပြည်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို ရာသီမရွေး ဈေးကွက်သို့အချိန်မီတင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
အောင်နိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment