MNP ၊ မတ် ၁၉
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကို ယနေ့ညနေ၃နာရီခွဲက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးကိုကိုထွေးကသင်တန်းဆင်း အမှာစကားပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူများအား အားကစား ဝတ်စုံများ ပေးအပ်ကြကာ စုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ နွေရာသီ အားကစားသင်တန်းကို မတ်လ ၃ ရက်မှ ၁၉ ရက်အထိ ဘောလုံး၊ဘော်လီဘော၊ပိုက်ကျော်ခြင်း၊ကရာတေးတို၊ပြေးခုန်ပစ် စသည့် အားကစားနည်း(၅)မျိုးကို သင်တန်းနည်းပြများက ကျောင်းသား/သူ(၁၂၀)ဦးအား သင်ကြားပြသခဲ့ကြကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost




No comments:
Post a Comment