ဂျော်ဂျီယာတွင် နှစ်ရက်ကြာ ဆန္ဒပြမှုများအတွင်း လူပေါင်း ၁၃၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျော်ဂျီယာတွင် နှစ်ရက်ကြာ ဆန္ဒပြမှုများအတွင်း လူပေါင်း ၁၃၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်း


TBILISI ၊ မတ် ၉

ပြီးခဲ့သည့်နှစ်ရက်အတွင်း ဂျော်ဂျီယာ ဥပဒေစိုးမိုးရေးအရာရှိများသည် Tbilisi ၌ဆန္ဒပြမှုများအတွင်း လူ ၁၃၃ ဦးကို အုပ်ချုပ်ရေးဆိုင်ရာ စွဲချက်များ၊ ရာဇဝတ်မှုဆိုင်ရာစွဲချက်ဖြင့် လူ ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂျော်ဂျီယာ ပြည်ထဲရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“မတ်လ ၇ ရက်ကနေ ၈ ရက်အထိ ပါလီမန် အဆောက်အအုံအနီးမှာ ဆန္ဒပြမှုတွေအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တိုက်ခိုက်တဲ့အတွက် လူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး စုစုပေါင်း လူ ၁၃၃ ဦးကို (အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊  ရဲဝန်ထမ်းများကို နှောက်ယှက်မှု) နဲ့ ဖမ်းဆီးထားတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ညက ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရခဲ့ပြီး အရပ်သားအချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ဝန်ကြီးဌာနက မှတ်ချက်ပြုသည်။

မတ် ၇ နှင့် ၈ ရက်များတွင် နိုင်ငံခြားအေးဂျင့်များဆိုင်ရာဥပဒေမူကြမ်းကို ပါလီမန်မှ အတည်ပြုပြီးနောက် Tbilisi တွင် ကြီးမားသောဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြမှုနှစ်ခုလုံးကို ရဲများက မီးသတ်ပိုက်များနှင့် မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့သည်။ ဆန္ဒပြမှုများအပြီးတွင် အာဏာရ ဂျော်ဂျီယာအိပ်မက်ပါတီ က အဆိုပါ ဥပဒေကြမ်းအား လွှတ်တော်မှ ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)