နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အသစ်ထွက်ရှိပြီး ၂လအတွင်း ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားမှု ၂၉ ပါတီအထိ ရှိလာပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အသစ်ထွက်ရှိပြီး ၂လအတွင်း ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားမှု ၂၉ ပါတီအထိ ရှိလာပြီ


MNP ၊ မတ် ၁၇

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့က ထုတ်ပြန်ခဲ့ရာ  ၂လအတွင်း ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားမှု ၂၉ ပါတီအထိ ရှိလာပြီး ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၇ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၂၂ ပါတီ ရှိကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ပြည်သူ့အလုပ်သမားပါတီနှင့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ယမန်နေ့က လျှောက်ထားခဲ့ကြောင်း သိရသည်။

ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော  ပါတီ ၂၃ ပါတီဖြစ်၍ စုစုပေါင်း ၂၉ ပါတီ ဖြစ်ပါသည်။ ယင်း ၂၉ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၇ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၂၂ ပါတီဖြစ်ပြီး ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment