မြစ်ကြီးနားမြို့၌ ပညာရေးဝန်ထမ်းများအတွက် ဘာသာရပ်စွမ်းရည်ရက်တိုသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်ကြီးနားမြို့၌ ပညာရေးဝန်ထမ်းများအတွက် ဘာသာရပ်စွမ်းရည်ရက်တိုသင်တန်းဖွင့်လှစ်


MNP ၊ မတ်  ၂၂

ကချင်ပြည်နယ် ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးဝန်ထမ်းများအား သင်ကြားမှုစွမ်းရည်မြင့်မားစေရန် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းဆင့်သင် ဆရာ/မများအား ဘာသာရပ်အလိုက် စွမ်းရည်မြှင့်ရက်တို သင်တန်းကို မတ် ၂၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းရှိ စာသင်ခန်းမများတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။


အဆိုပါ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းဆင့်သင် ဆရာ/မများအား ဘာသာရပ်အလိုက် စွမ်းရည်မြှင့်သင်တန်းများတွင် တာဝန်ခံနည်းပြများက သင်ရိုးညွှန်းတမ်းများအရ ဘာသာရပ်အလိုက် ဆွေးနွေးပို့ချလျက်ရှိကာ မြစ်ကြီးနားခရိုင်နှင့် ချီဖွေခရိုင် အတွင်းမှ အထက်တန်းအဆင့်သင် ဆရာ/မ (၅၀၈) ဦးနှင့် အလယ်တန်းအဆင့်သင် (၉၅၈) ဦး တက်ရောက် လျက်ရှိကြသည်။


ပညာရေးဝန်ထမ်းများအတွက် ဘာသာရပ်စွမ်းရည်ရက်တိုသင်တန်းကို မတ် ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းများကို လည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)