မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီအစည်းအဝေး(၅/၂၀၂၃)သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီအစည်းအဝေး(၅/၂၀၂၃)သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်




MNP ၊ မတ်  ၁၅

မကွေးတိုင်းဒေသကြီး အသေစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီ အစည်းအဝေး(၅/၂၀၂၃)ကို ယမန်နေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာတွင် အိမ်တွင်းအသေးစားစက်မှုလက်မှုလုပ်ငန်းများသည် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်ပြီး လိုအပ်သောနည်းပညာအကူအညီများ ဝိုင်ဝန်းပံ့ပိုးကူညီဆောင်ရွက်ကာ(MSME) စီးပွားရေးလုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများဖြစ်လာသည်အထိ ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် စားသုံးသူပြည်သူများ မထိခိုက်စေရးအတွက် မိမိတို့ ထုတ်ကုန်ပစ္စည်းအညွှန်းများနှင့် ပါဝင်ပစ္စည်းများဖော်ပြရာတွင် ပြည်သူများသိရှိနိုင်ရေး အတွက် မြန်မာဘာသာအညွှန်းဖြင့်ဖော်ပြနိုင်ရေး လိုက်နာဆောင်ရွက်ကြစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အိမ်တွင်းအသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သေသေချာချာစိစစ် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက(၄/၂၀၂၃) အစည်းအဝေးတွင်ချမှတ်ခဲ့သော အစည်းအဝေးဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် (၅/၂၀၂၃)တွင် လာရောက်လျှောက်ထားလာသော အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ထို့နောက် အစည်းအဝေးကို တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအဖွဲ့ဝင်များမှ လျှောက်ထားလာသော လုပ်ငန်းများအား မှတ်ပုံတင်ခွင့်ပြုခြင်း/ မပြုခြင်းများနှင့်ပတ်သက်၍ အတည်ပြုဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီအစည်းအဝေး (၅/၂၀၂၃)တွင် မှတ်ပုံတင်ခွင့် လျှောက်ထားလာသော လုပ်ငန်းရှင်(၃၁)ဦး၏ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းများအား မှတ်ပုံတင်ခွင့်ပြုနိုင်ရေး စိစစ်ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။


ကိုစည်သူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment