ဂွမြို့တွင် (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင် များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင် များ ဖြန့်ဝေ





MNP ၊ မတ်  ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့၌  ၂၀၂၃ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မ တော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကိုပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  မြို့မရပ်ကွက် ရှိအ.ထ.က-၁ ကျောင်းနှင့် ဌာနဆိုင်ရာများကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။


(၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေခြင်းဖြစ်ပြီး လက်ကမ်းစာ စောင်တွင် ပါရှိသော ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ ၊ (၇၈) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ ၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူမင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ကဗျာ ၊ ကာတွန်း နှင့် ဆောင်ပုဒ်များ ပါရှိသည့် လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ  အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ အခမဲ့ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)