သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ၏ (၇၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ၏ (၇၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ


MNP ၊ မတ် ၂၄

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ၏ (၇၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူး/ပါမောက္ခများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ဦးစီးဌာနကြီးသုံးခုမှ မဏ္ဍိုင် ၃ ရပ်ဖြင့် တာဝန်ဝတ္တရားများကို ခေတ်သမိုင်း အဆက်ဆက်တွင် မိမိတို့၏ မူလတာဝန်ဝတ္တရားများအပြင် ခေတ်နှင့် လျော်ညီသည့် တာဝန်များကိုပါ တိုးချဲ့ဖြည့်စွက်၍ အဆင့်ဆင့်တိုးမြှင့်တာဝန်ယူခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကိုရှေးရှုပြီး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကို ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရှေးဟောင်း သုတေသနပညာ၊ သမိုင်းသုတေသနပညာ၊ ပြတိုက် ပညာ၊ စာကြည့်တိုက်ပညာ၊ အဆို၊ အတီး၊ အက၊ ပန်းချီ၊ ပန်းပုအစရှိသည့် အနုသုခုမပညာရပ်များကို ပညာရှင်များ အဆက်ဆက်ထံမှ လက်ဆင့်ကမ်းပြီး မျိုးဆက်သစ် အမွေဆက်ခံခြင်း၊ တက္ကသိုလ်နှင့် ပညာရပ်ဆိုင်ရာကျောင်းများ၊ အထက်တန်းအဆင့် ကျောင်းများ တည်ထောင်၍ သင်တန်းဆင်း အောင်လက်မှတ်များ၊ ဘွဲ့များ၊ ဘွဲ့လွန်ဒီပလိုမာများ ပေးအပ်ခဲ့သည့်အပြင် မျိုးဆက်သစ်များ မွေးထုတ်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာနှင့်ချိတ်ဆက်၍ ယဉ်ကျေးမှုဖလှယ်ပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် သင်တန်းသားများကို ပြည်ပသို့စေလွှတ်သင်ကြားစေခြင်း၊ မိမိနိုင်ငံတွင် လက်ခံသင်ကြားပေးခြင်းအပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၊ ယူနက်စကို အဖွဲ့ကြီးတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ယူနက်စကိုအဖွဲ့သို့ ယဉ်ကျေးမှုအမွေအနှစ် ဒေသများအား ကမ္ဘာ့အမွေ အနှစ် စာရင်းဝင်ရောက်ရေး ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဒေသတွင်း အာဆီယံနိုင်ငံများ၊ အာဆီယံမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် ခြင်းများကိုလည်း ဆောင်ရွက်နေပါကြောင်း။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသဖြစ်သော ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း ထိန်းသိမ်းထားမှုများအား နိုင်ငံတော်ဝန်ကြီးချုပ်က သွားရောက်လေ့လာခဲ့ရာတွင် များစွာအားရကျေနပ်မှုရှိပါကြောင်း၊ ဆက်လက်၍လည်း လုပ်ငန်းများအား ရေတိုရေရှည်ခွဲ၍ ဆောင်ရွက်နေရန်လိုပါကြောင်း၊ ယခုဆိုလျှင် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ ကြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေး WHC သို့ တင်သွင်းရန်နှင့် အတာသင်္ကြန်အား ကမ္ဘာ့အမွေအနှစ်ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့သည့် ကိစ္စသည်လည်း အရေးကြီးသည့်ကိစ္စဖြစ်ပါကြောင်း။

မိမိ တာဝန်ယူစဉ်ကာလအတွင်း အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ် (ရန်ကုန်/ မန္တလေး) တို့တွင် တိုင်းရင်းသားများ ရိုးရာဂီတနှင့် အကပညာ ရပ်များကိုလည်း တိုးချဲ့သင်ကြား ဆောင်ရွက်လျက်ရှိသည့်အပြင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ် (ရန်ကုန်) တို့ပူးပေါင်း၍ ဒီပလိုမာသင်တန်းများကို ဆက်လက်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း။

“နိုင်ငံဂုဏ်ပြုယဉ်ကျေးမှု”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမိုင်းကြောင်း ကောင်းမွန်စွာ စဉ်ဆက်မပြတ်ရှင်သန်နေခြင်းသည် စတင်ဖွဲ့စည်းစဉ်ကစ၍ ယနေ့ထက်တိုင် လက်ဆင့်ကမ်း တာဝန်ယူခဲ့ကြသည့် စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူများ သက်ဆိုင်ရာ ဘာသာရပ်အလိုက် လုပ်ငန်း ကျွမ်းကျင်တတ်မြောက်ကြသည့်ဝန်ထမ်းများ ကျရာ တာဝန်ကို မခိုမကပ် အားထုတ်ကြိုးပမ်းမှုများကြောင့် အဆင်ပြေခဲ့ခြင်းဖြစ်ပါကြောင်း။

နိဂုံးချုပ်အားဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကောင်းမြတ်သော သမိုင်းကြောင်း အမွေအနှစ်များကို ပခုံးပြောင်းတာဝန်ယူ၍ ယခုရောက်ရှိပြီးသည့် (၇၁)နှစ်မြောက် ဝန်ကြီးဌာန၏ နှစ်ပတ်လည်မှသည် ယဉ်ကျေးမှုရေးရာကဏ္ဍများကို ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့နိုင်စေရေးအတွက် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဌာနတွင်းထူးချွန်ဝန်ထမ်းများ၊ ပြည်ပထူးချွန် ဝန်ထမ်းများနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်း ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား အမှတ်တရလက်ဆောင် ပေးအပ်ခြင်း၊ ဝန်ထမ်းမိသားစုဝင်များကို ပျော်ရွှင်စွာဖြင့် ကံစမ်းမဲဖောက်ပေးခြင်းနှင့် အဆို၊ အက၊ အကျွေးအမွေးများဖြင့် ဧည်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)