ရမ်းဗြဲမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုရေးအဖွဲ့က အခမဲ့လာရောက်ကုသပေးတဲ့အတွက် ဒေသခံပြည်သူများ အကြီးအကျယ်ဝမ်းသာနေဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုရေးအဖွဲ့က အခမဲ့လာရောက်ကုသပေးတဲ့အတွက် ဒေသခံပြည်သူများ အကြီးအကျယ်ဝမ်းသာနေဟုဆို







MNP ၊ မတ် ၈

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိရာ ဆရာဝန်နှင့် တခါမှ မပြသခဲ့ဘူးသော အသက်(၆၇)နှစ်အရွယ် အဘိုးအိုတစ်ဦးက "ကျွန်တော့်အသက်က ၆၇ နှစ်ရှိပါပြီ။ ဒီလို အခွင့်အရေးမျိုးတစ်ခါမှမကြုံဖူးပါဘူး။ အခုတစ်ခါကြုံရတာနဲ့ အတော်လေးဝမ်းသာသွားတယ်။  လူတွေကလည်း တော်တော်လေးဝမ်းသာကြတယ်။ မျက်စိရောဂါသမားတွေအတွက် ဒီနေရာမှာ ဆရာဝန်မရှိပါဘူး။ အခုလိုအခမဲ့လာရောက်ကုသပေးတဲ့အတွက် အကြီးအကျယ်ဝမ်းသာနေကြပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့်ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာ ရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု များသည် ယနေ့တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ မျက်စိခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူများအား ဆေးရုံရေယာဉ်ပေါ်၌ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေး၍ မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် အဆိုပါလူနာများအား ကျောက်နီမော်ကျေးရွာတိုက်နယ်ပြည်သူ့ဆေးရုံသို့ တပ်မတော် ရေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးသည်။

ထို့အတူ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ကျောက်နီမော်ကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၄၆ ဦးအား  ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၆ ဦး၊ ခွဲစိတ်ရောဂါ ၅၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၃၅ ဦး၊ အရိုးရောဂါ ၂၂၁ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၇၃ ဦး၊ မျက်စိရောဂါ ၁၅၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၄၇ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၄၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန် လိုအပ်သူ ၁ ဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

မျက်စိခွဲစိတ်ကုသမှုခံယူခဲ့သည့် အဘိုးအို က "ဆရာဝန်တွေနဲ့ တစ်ခါမှမပြဖူးပါဘူး၊ ၁ နှစ်လောက်ရှိပါပြီမပြရတာ၊ အခုသင်္ဘောမှာ လုံလုံခြုံခြုံနဲ့ပြခဲ့ရပါတယ်။ ဆရာဝန်နဲ့ပြကြည့်တော့ ခွဲရမယ်ဆိုလို့ ခွဲလိုက်ရတယ်။ အခုလိုခွဲ လိုက်တော့အမြင်အာရုံလည်း တော်တော်လေးကောင်းသွားပါတယ်။ အရင်ကထက်ပိုပြီး ရှင်းရှင်းလင်းလင်းမြင်ရပါပြီ။ ကျွန်တော်နဲ့အတူတူလာပြတဲ့သူတွေကို လိုက်ပြီးမေးကြည့် တော့ သူတို့လည်းတော်တော်လေးအဆင်ပြေတယ်လို့ ပြောကြပါတယ်။ အခုကျွန်တော့် ဘေးနားမှာပါလာတဲ့ ကျွန်တော့်အစ်ကိုကြီးတစ်ယောက်ကလည်း အမြင်အာရုံတွေ တော်တော်လေးကောင်းမွန်လာတယ်လို့ ပြောပါတယ်။ အရောင်တွေကိုလည်း အရင်ကထက်ပိုပြီး  ရှင်းရှင်းလင်းလင်း မြင်လာရတယ်လို့ပြောပါတယ်။ တော်တော်လေးအခြေအနေ ကောင်းသွားပါတယ်လို့လည်း ပြောပါတယ်။ ကျွန်တော်တို့ခွဲစိတ်ပြီးတဲ့နောက်မှာ ရှောင်ရမယ့် အစားအသောက်တွေကိုလည်း သေသေချာချာပြောပြပါတယ်။ ဘယ်လိုဟာတွေကို မလုပ် ရဘူး၊ ဘာတွေလုပ်ရမယ်ဆိုတာကကိုလည်း သေသေချာချာ မှာလိုက်ပါတယ်။ အခုဆိုရင် အရင်ကထက်ပိုပြီး အများကြီးကောင်းသွားပါပြီ။ ကျွန်တော့်အသက်က ၆၇ နှစ်ရှိပါပြီ။ ဒီလို အခွင့်အရေးမျိုးတစ်ခါမှမကြုံဖူးပါဘူး။ အခုတစ်ခါကြုံရတာနဲ့ အတော်လေးဝမ်းသာသွားတယ်။  လူတွေကလည်း တော်တော်လေးဝမ်းသာကြတယ်။ မျက်စိရောဂါသမားတွေအတွက် ဒီနေရာမှာ ဆရာဝန်မရှိပါဘူး။ အခုလိုအခမဲ့လာရောက်ကုသပေးတဲ့အတွက် အကြီးအကျယ်ဝမ်းသာနေကြပါတယ်။  နောက်လည်းအခုလိုမျိုး လာရောက်ကုသပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ အခုလိုမျိုး ကိုယ့်ရဲ့ရပ်ရွာကိုအရောက် လာရောက်ကုသပေးတဲ့ ပြောလို့မကုန်အောင် ဝမ်းသာ ပါတယ်။ နောက်ထပ်လည်း အခုလိုမျိုးလာရောက်ကုသပေးဖို့အတွက် အထူးပင်တောင်းဆို ချင်ပါတယ်။ အခုလည်း ထမင်းကအစအချိုရည်အထိ ဘာမှလိုလေသေးမရှိအောင်စီစဉ်ပေး ထားပါတယ်။ ဒါကြောင့်လည်းကျွန်တော်က ကိုယ့်နယ်ကလူတွေကို မိမိမှာရှိနေတဲ့ရောဂါတွေကို  လာရောက်ပြသကြပါ၊ အကုန်လုံးအဆင်ပြေပါတယ်လို့ ဖုန်းဆက်ပြီးပြောခဲ့ပါတယ်။ အခုလည်းတော်တော်များများ လာရောက်ကုသနေကြပါပြီ။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ကျွန်တော်တို့ရဲ့ရောဂါဝေဒနာတွေပျောက်ကင်းအောင် အခုလိုမျိုးလာရောက်ကုသပေးဖို့အတွက် စီစဉ်ပေးတဲ့အတွက် နောင်ဘဝအဆက်ဆက် အကျိုးထူးအကျိုးမြတ်တွေ ခံစားရပါစေလို့ ဆုတောင်းပေးပါတယ်။ ကျေးဇူးလည်းအထူးတင်ပါတယ်။ နောင်လည်း အခုလိုမျိုးလာရောက်ကုသပေးဖို့အတွက် ဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်။" ဟု ပြောသည်။

ဒေသခံတစ်ဦးအနေဖြင့် ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦး က "လူနာစာရင်းဇယားတွေကို အကုန်စီစဉ်ဆောင်ရွက်ပေးရပါတယ်၊ အခုလိုမျိုးလူနာတွကို တကူးတကလာရောက်ကုသပေးတဲ့အတွက် ကျွန်မတို့ရွာသူရွာသားတွေအနေဖြင့်လည်း စေတနာမေတ္တာရှေ့ထားပြီး ကူညီဆောင်ရွက်လုပ်ကိုင်ပေးတာပါ၊ အခုလိုလာရောက်ပေးတဲ့ အတွက် အခမဲ့ကုသပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ဒီလိုလာရောက်ကုသ ပေးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကုသပေးတဲ့သူတွေကလည်း အခမဲ့ကုသပေးတဲ့အပြင် စည်းစနစ်တကျကုသပေးတဲ့အတွက် တစ်ရွာလုံးလည်းဝမ်းသာကြပါတယ်၊ အခုလိုဆေးကုသဖြစ် မြောက်အောင်စီစဉ်ပေးသော တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း တစ်ရွာလုံးကိုယ်စားအထူးတလည် ကျေးဇူးတင်ပါတယ်"ဟု ပြောသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)