စေတီတော်မြတ်ကြီး အုတ်မြစ်ချမင်္ဂလာနှင့် သာသနာပြု(ပထမဆင့်) ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

စေတီတော်မြတ်ကြီး အုတ်မြစ်ချမင်္ဂလာနှင့် သာသနာပြု(ပထမဆင့်) ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း



MNP ၊ မတ်  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အစုကြီးကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းရွာသစ်ကျေးရွာ၊ ရွှေညောင်ပင် ဘုန်တော်ကြီးသင်ပညာရေးကျောင်း ဥယာဥ် တော်အတွင်း တည်ထားကိုးကွယ်မည့် စေတီတော်မြတ်ကြီး အုတ်မြစ်ချမင်္ဂလာအခမ်းအ နားကို ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားအား ဘန္ဒန္တဝိမလရာန(မြတောင်)ဆရာတော်ကြီးမှ ဦးဆောင်၍ ဆရာတော်ကြီး (၇)ပါးမှ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ စေတနာရှင်အလူရှင် (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။              


ဆက်လက်၍ နံနက် ၁၀ နာရီ ၃၀ အချိန်တွင် သာသနာပြု(ပထမအဆင့်) အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံတော်ခံ ဆရာတော်အား ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအား ကျင်းပရာ အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြပြီး၊ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်နိုင်ဦးမှ ဘွဲ့တံဆိပ်တော်ရဆရာတော်အား  ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းမှ လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခြင်း၊ အလှူရှင်များမှ လှူဖွယ်ပစ္စည်းများအား ဆက်ကပ် လှူဒါန်းခြင်းနှင့် ဒေါက်တာ သောဘာကမှ အလှူရေစက်ချတရားဟောကြားခဲ့ကြောင်း သိရသည်။


ဝင်းကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)