MNP - မတ် ၂၃
ဘာစီလိုနာအသင်း ညာနောက်ခံကစားသမား ဆာဂျီယို ရော်ဘတ်တိုက အသင်းရဲ့ ဂန္ဓဝင်ကစားသမားကြီး လီယွန်နယ် မက်ဆီနဲ့ပတ်သက်ပြီး "မက်ဆီ ပြန်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ သူ့ကို စောင့်နေပါတယ်၊ သူလိုကစားသမားက ပဲရစ်မှာ အခုလိုဆက်ဆံမှုမျိူးနဲ့ မထိုက်တန်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဆာဂျီယို ရော်ဘတ်တိုက"ကျွန်တော်တို့ လီယိုကို စောင့်နေပါတယ်၊ ကျွန်တော်တို့ သူ့ကို ဘာစီလိုနာမှာ လိုချင်ပါတယ်" လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment