ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိစျေး​ကြီးအတွင်း အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်​ဆေးခြင်းနှင့် အသိပညာ​ပေး ​ ​ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိစျေး​ကြီးအတွင်း အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်​ဆေးခြင်းနှင့် အသိပညာ​ပေး ​ ​ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းဆောင်ရွက်





MNP ၊ မတ် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စျေးကြီးအတွင်း အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးကွင်းဆင်းစစ်​ဆေးခြင်းကို ယနေ့မွန်းလွဲပိုင်းက  ပြုလုပ်ခဲ့သည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ ​ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦး​ဇေယျာထွန်းနှင့် အဖွဲ့များ၊အစားအသောက်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) အဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် ပုဗ္ဗသီရိ​မြို့နယ်   စျေးကြီးအတွင်းရှိ ကုန်စုံဆိုင်များ၊ အစားအ​သောက်ရောင်း ချသည့်ဆိုင်များ၊ ဟင်းသီးဟင်း ရွက်ရောင်းချသည့်စျေးဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များရောင်းချခြင်းရှိမရှိ၊  ​သစ်သီးဝလံများတွင် ဆိုးဆေးနှင့်ကြာရှည်ခံပစ္စည်းများ အသုံးပြုခြင်းရှိမရှိ၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချမှုရှိမရှိစစ်ဆေးပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များရောင်းချရန် အသိပညာပေးဆွေးနွေးကာ လက်ဖက်၊ မုန့်ဖတ်၊ မျှစ်ချဉ်၊ ခေါက်ဆွဲ စသည့်အမျိုးအစား (၄) မျိုးတို့အား ကျန်းမာရေးနှင့်ညီ ညွတ်မှုရှိ၊ မရှိ ဓာတ်ခွဲစစ်​ဆေးခဲ့သည်။


ထို့နောက် အစားအ​သောက် သုံးခွင့်မပြုဆိုးဆေးများနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်နှင့် ကျန်းမာရေးကိုထိခိုက်စေနိုင်သော ဓာတုကြာရှည်ခံဆေးများအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။


သန္တာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)