ဆီဆိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ (၂၇၄) ဦး စာရင်းပေးသွင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆီဆိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ (၂၇၄) ဦး စာရင်းပေးသွင်း


MNP   -   မတ်   ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပမည့်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကျောင်း သား/ ကျောင်းသူ (၂၇၄) ဦး စာရင်းပေးသွင်းထားပြီး မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၈ ရက်က စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ဆီဆိုင်မြို့နယ်အတွင်း စာစစ်ဌာနဖွင့်လှစ်ထားသည့် အ.ထ.က (ဆီဆိုင်)တွင် ကျောင်းတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ(၇) ဦး ပြင်ပဖြေ (၁၃၁) ဦး စုစုပေါင်း (၁၃၈) ဦး၊ အ.ထ.က (ဆိုက်ခေါင်)တွင် ကျောင်းတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၁၆) ဦး ပြင်ပဖြေ (၃၇) ဦး စုစုပေါင်း (၅၃) ဦး၊ အ.ထ.က (ဘန်းယဉ်) တွင် ကျောင်းတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၂၇) ဦး ပြင်ပဖြေ (၅၆) ဦး စုစုပေါင်း(၈၃)ဦးတို့မှ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး တစ်မြို့နယ်လုံးအနေဖြင့် ကျောင်းတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၅၀) ဦး၊ ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ (၂၂၄) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၇၄)ဦးတို့က ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မျိုးမြတ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)