၂၀၂၃ ခုနှစ် တက္ကသိုလ်စာမေးပွဲကို ပန်းတောင်းမြို့နယ်မှ ကျောင်းသား/ ကျောင်းသူ (၆၄၉)ဦး ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ် တက္ကသိုလ်စာမေးပွဲကို ပန်းတောင်းမြို့နယ်မှ ကျောင်းသား/ ကျောင်းသူ (၆၄၉)ဦး ဝင်ရောက်ဖြေဆိုမည်


MNP ၊ မတ်  ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် အထက်တန်းကျောင်း (၆) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၃)ကျောင်းတို့မှ ကျောင်းတွင်းဖြေ (၃၀)ဦး၊ ပြင်ပဖြေ (၆၁၉)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၄၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။


ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၆)ခုတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ဘောဂဗေဒ၊ ပထဝီဝင်နှင့် သမိုင်းဘာသာရပ်များကို မတ်လ(၈)ရက်နေ့မှ မတ်လ(၁၇) ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သင်းသင်းအေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)