Pages

Pages

၂၀၂၃ ခုနှစ် တက္ကသိုလ်စာမေးပွဲကို ပန်းတောင်းမြို့နယ်မှ ကျောင်းသား/ ကျောင်းသူ (၆၄၉)ဦး ဝင်ရောက်ဖြေဆိုမည်


MNP ၊ မတ်  ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် အထက်တန်းကျောင်း (၆) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၃)ကျောင်းတို့မှ ကျောင်းတွင်းဖြေ (၃၀)ဦး၊ ပြင်ပဖြေ (၆၁၉)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၄၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။


ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၆)ခုတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ဘောဂဗေဒ၊ ပထဝီဝင်နှင့် သမိုင်းဘာသာရပ်များကို မတ်လ(၈)ရက်နေ့မှ မတ်လ(၁၇) ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သင်းသင်းအေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment