Pages

Pages

စစ်ကိုင်းမြို့တွင် Fitness Dance နည်းပြသင်တန်း ဆက်လက်သင်တန်းပို့ချပေး


MNP ၊ မတ်  ၇

စစ်ကိုင်းမြို့တွင် Fitness Dance နည်းပြသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကို နည်းပြဆရာများက ပိုးတန်းရပ်ကွက်ရှိ အားကစားခန်းမအတွင်း ဆက်လက်သင်ကြားပို့ချပေး လျက်ရှိကြောင်း သိရသည်။


“Fitness Dance နည်းပြသင်တန်းဖွင့်လှစ်ပေးပြီး နေ့စဉ်ဆက်လက်သင်ကြားပို့ချပေးနေတာပါ၊ ဒီသင်တန်းကို တော့ မတ်လ(၁)ရက်နေ့ကနေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်၊ ဖွင့်ပွဲနေ့က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ် အားပေးခဲ့ပါတယ်၊ သင်တန်းဆင်းရက်ကတော့ ဘယ်ရက် ဆိုတာ မသိရသေးပါဘူး ကျွန်မတို့ စစ်ကိုင်းခရိုင်/ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး နွေရာသီကျောင်းပိတ်ရက်တွေမှာ အခြေခံအားကစားမျိုးစုံ ဖွင့်လှစ်သင်ကြားပေးနေပါတယ်” ဟု မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စပယ်ဦးက ပြောပြ၍ သိရသည်။


စစ်ကိုင်းခရိုင်/ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် နွေးရာသီကျောင်းပိတ်ရက်မှာ အခြေခံ အားကစားမျိုးစုံ ဖွင့်လှစ်သင်ကြားပေးနေသလို မြို့ပေါ်မှာရှိတဲ့ အဆင့်မြင့်ကျောင်းများရဲ့ အားကစားလှုပ်ရှားမှု များကိုလည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။


ဇော်မြင့်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment