မူဆယ်မြို့နယ်လုံးကျွတ် (ဒုတိယအကြိမ်) ရဟန်း၊ သာမဏေ၊ သီလရှင် အပါး(၁၃၀၀)ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့နယ်လုံးကျွတ် (ဒုတိယအကြိမ်) ရဟန်း၊ သာမဏေ၊ သီလရှင် အပါး(၁၃၀၀)ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP   -   မတ်   ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် (၄.၃.၂၀၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြို့နယ်လုံးကျွတ် (ဒုတိယအကြိမ်)ရဟန်း၊ သာမဏေ၊ သီလရှင် အပါး(၁၃၀၀)ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ယမန်နေ့ နေ့လည်(၂း၀၀) အချိန်က ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြု လုပ်ခဲ့ပါသည်။


အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအောင်ဇော်မိုးမှ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင်ထားရမည့်အချက်များ၊ ပြင်ဆင်ထားရမည့်အရာများနှင့် ဆွမ်းဆန်စိမ်းလောင်း လှူပွဲကြီးကို တက်ရောက်လာသော ဆရာတော်၊ရဟန်းသာမဏေတို့ စီးနှင်းလိုက်ပါလာသော ယာဉ်များနှင့် လှူဖွယ်ပစ္စည်း တင်ယာဉ်များ ယာဉ်လမ်းရှင်းလင်းရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးတို့ကို သက်ဆိုင်ရာ ခရိုင်ယာဉ် ထိန်းရဲတပ်ဖွဲ့တို့အား လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ခရိုင်စည်ပင်သာယာရေး ဦးစီးဌာန၊အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်းက ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးနှင့်ပတ်သက်၍ အခမ်းအနား ပြင်ဆင်ထားရှိမှုအခြေအနေများ၊ လောင်းလှူရန်အတွက် ဆွမ်းဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ တင်ဆောင်ထားရန် စားပွဲခုံများ ခင်းကျင်းထားရှိမှုများ၊ ဆရာတော်သံဃာတော်များနှင့် သီလရှင်တို့အား ထိုင်ခုံနေရာ ချခင်းပေးထားပုံများနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် စတုဒီသာမဏ္ဍုပ်များ ဆောက်လုပ်မည့် နေရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ခရိုင်သာသနာရေးမှူး ဦးစံသိန်းက ဆွမ်းဆန် စိမ်းလောင်းလှူပွဲကြီးနှင့်ပတ်သက်၍ ဆရာတော်သံဃာတော်များ၊ သီလရှင်များ ဆွမ်းဆန်နှင့် ဝတ္ထုငွေများ လောင်းလှူရာတွင် စနစ်တကျရှိစေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု များနှင့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဦးဇော်လင်းမှ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိပုံများနှင့် လိုအပ်သည်များကို ထပ်မံဖြည့်စွက်ပြောကြားခဲ့ပါသည်။


မြို့နယ်လုံးကျွတ်(ဒုတိယအကြိမ်)ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး အောင်မြင်စွာကျင်းပနိုင်‌‌ရေးအတွက် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မြို့နယ် အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ပရဟိတအသင်းအဖွဲများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများမှလည်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)