MNP - မတ် ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးအကြောင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပေါင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်က မိမိတို့ဦးစီးဌာန၏အဓိကရည်မှန်းချက်တာဝန်များဖြစ်သည့်တိရိစ္ဆာန်တွေကို နည်းမှန်၊လမ်းမှန်နှင့်စနစ်တကျဂရုစိုက်မွေးမြူကြရန်နှင့်ကာကွယ်ဆေးများကို သတ်မှတ်ချိန်အတိုင်းဆေးထိုးခြင်းဖြင့်လည်းကောင်း၊အိမ်မွေး တိရိစ္ဆာန်တွေကိုလည်း ကာကွယ်ဆေးစနစ်တကျထိုးနှံခြင်းဖြင့် ခွေးရူးရောဂါအပြင် တစ်ခြားမလိုလားအပ်သည့်ရောဂါများကိုလည်း ကာကွယ်ရန်ရည်ရွယ်ခြင်းဖြင့်လည်းကောင်း၊မိမိတို့ဦးစီးဌာန၏ အဓိကမျှော်မှန်းချက်တာဝန်များကိုလည်းအသေးစိတ်ရှင်းလင်းကာ ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်သင့်သည်များကိုပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment