MNP ၊ မတ် ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများတွင် လုပ်ငန်းဆိုင်ရာ မှတ်ပုံတင်များနှင့်လုပ်ငန်းဆောင်ရွက်ရာတွင် သန့်ရှင်းမှုရှိ/မရှိ စစ်ဆေးခြင်းကို ယမန် နေ့ က ရေသန့်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရေသန့်စက်ရုံများ စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် နှင့် အဖွဲ့ ဝင် များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြား ရေးနှင့်ပြည် သူ့ဆက် ဆံ ရေးဦးစီးဌာန ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး တို့ပူးပေါင်းအဖွဲ့သည် MOT သောက်ရေ သန့် စက် ရုံ ၊ NINE သောက်ရေသန့်စက်ရုံ ၊ KING သောက်ရေသန့်စက်ရုံ နှင့် AMPLY သောက်ရေ သန့်စက်ရုံများသို့ သွားရောက်ကာ ရေသန့်စက်ရုံအင်္ဂါရပ်နှင့် ညီညွတ်ခြင်း ၊ စည်ပင်လုပ် ငန်းလိုင်စင် ၊ အစားအသောက်ကုန်ထုတ်လုပ်ခွင့်လက်မှတ် ၊ စက်မှုလုပ်ငန်း မှတ်ပုံ တင် နှင့်ရေ သန့် ဘူးကြမ်းစနစ်တကျဆေးကြောသန့်ရှင်းရေးပြုလုပ်နေမှု ဝန်ထမ်းများ၏ ကျန်း မာ ရေးဆေးစစ် ဆေးထားမှုရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ရေသန့်ဘူးထုပ်ပိုးမှုစနစ် ဈေး ကွက်သို့ ရောင်းချ နေသည့် ရေ သန့်ဘူးအမျိုးအစားများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost




No comments:
Post a Comment