ချန်ပီယံလိပ် ၁၆သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်များ ပွဲကြို သုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချန်ပီယံလိပ် ၁၆သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်များ ပွဲကြို သုံးသပ်ချက်



MNP - မတ်  ၇


ချန်ပီယံလိပ် ၁၆အသင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် အင်္ဂါနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၂:၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ ပွဲကြီးပွဲကောင်းအဖြစ် ဘိုင်ယန်မြူးနစ်အသင်းနှင့် PSGအသင်းတို့ရဲ့ ပွဲစဉ်ယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပါတယ်။


ဘင်ဖီကာ - ကလပ်ဘရုစ် (ယနေ့ည ၂:၃၀) 

 (ပထမအကျော့ရလဒ် ကလပ်ဘရုစ် ၀ - ၂ ဘင်ဖီကာ ) 

ဘင်ဖီကာအသင်းနှင့် ကလပ်ဘရုစ်အသင်းတို့ဟာ ဘင်ဖီကာအိမ်ကွင်း အီစတာဒီယိုမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘင်ဖီကာအသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ကလပ်ဘရုစ်ဟာ ဘင်ဖီကာကို ပြန်လိုက်ကစားဖို့မလွယ်ကူပါဘူး။ဂိုးနည်းပြီး သရေရလဒ်သာ ထွက်ပေါ်ပါလိမ့်မယ်။ (ခန့်မှန်းရလဒ် ဘင်ဖီကာ ၁ - ၁ ကလပ်ဘရုစ်)


ချဲလ်ဆီး - ဒေါ့မွန် (ယနေ့ည ၂:၃၀)

 (ပထမအကျော့ရလဒ် ဒေါ့မွန် ၁ - ၀ ချဲလ်ဆီး ) 

ချဲလ်ဆီးအသင်းနှင့် ဒေါ့မွန်အသင်းတို့ဟာ ချဲလ်ဆီးအိမ်ကွင်း စတန်းဖို့ဒ်ဘရစ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းပိုင်းဟာ လက်ရှိချိန်အထိ အားရစရာမရှိသေးဘဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။တိုက်စစ်ကလည်း ဂိုးရဖို့ ရုန်းကန်နေရပြီး အသင်းတိုက်စစ်ကစားသမားတွေကိုယ်တိုင် ယုံကြည်မှုပျောက်ဆုံးနေကြတာဖြစ်ပါတယ်။တစ်ဖက်ကဒေါ့မွန်အသင်းကတော့ နောက်ဆုံး ၅ပွဲဆက် အနိုင်ရထားပြီး အမှတ်ပေးဇယားမှာလည်း အဆင့်၁နေရာက ဘိုင်ယန်မြူးနစ်ကို ရမှတ်တူဖြင့် လိုက်လံဖိအားပေးထားနိုင်တာဖြစ်ပါတယ်။ဒီအချက်တွေကြောင့် ချဲလ်ဆီးဟာ ဒေါ့မွန်ကို အနိုင်ကစားမလွယ်ကူဘဲ ဂိုးမရှိ သရေရလဒ်သာထွက်ပေါ်ပါလိမ့်မယ်။(ခန့်မှန်းရလဒ် ချဲလ်ဆီး ၀ - ၀ ဒေါ့မွန်)


စပါး - အေစီမီလန် (မနက်ဖြန်ည ၂:၃၀)

(ပထမအကျော့ရလဒ် အေစီမီလန် ၁- ၀ အေစီမီလန်)

စပါးအသင်းနှင့် အေစီမီလန်အသင်းတို့ဟာ တော်တင်ဟမ်ဟော့စပါးကွင်း ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။စပါးအသင်းရဲ့ ခြေစွမ်းဟာ လက်ရှိချိန်အထိ တည်ငြိမ်မှုမရှိသေးဘဲ ရုန်းကန်နေရတာဖြစ်ပါတယ်။ဒါပေမယ့် စပါးမှာ ပွဲအဖြေကို အချိန်မရွေးပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေရှိနေတာကတော့ မျှော်လင်ချင်စရာအချက်ပါ။အေစီမီလန်အသင်းကတော့ နောက်ဆုံး၄ပွဲဆက် အနိုင်ကစားထားပြီး အတိုင်းအတာတစ်ခုအထိ ခြေစွမ်းပိုင်းတည်ငြိမ်နေတဲ့အသင်းတစ်သင်းပါ။ဒီတစ်ကြိမ်တွေဆုံမှုတော့ ဂိုးနည်းပြီး သရေရလဒ်သာထွက်ပေါ်ပါလိမ့်မယ်။(ခန့်မှန်းရလဒ် စပါး ၁ - ၁ အေစီမီလန်)


ဘိုင်ယန်မြူးနစ် - PSG (မနက်ဖြန်ည ၂:၃၀)

(ပထမအကျော့ရလဒ် PSG ၀ -  ၁ ဘိုင်ယန်မြူးနစ် ) 

ဘိုင်ယန်မြူးနစ်အသင်းနှင့် PSGအသင်းတို့ဟာ ဘိုင်ယန်မြူးနစ်အိမ်ကွင်း အဲလီယံ့အရီနာမှာ  ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘိုင်ယန်ုမြူးနစ်အသင်းဟာ သူတို့ရဲ့အဆင့်မှာ ရှိဆဲဖြစ်ပြီး အသင်းကောင်းတစ်သင်းဖြစ်နေဆဲဖြစ်ပါတယ်။PSG အသင်းကတော့ လက်ရှိရုန်းကန်နေရပြီး အသင်းရဲ့ အဓိကတောင်ပံကစားသမား နေမာမပါဝင်နိုင်ခြင်းကလည်း PSGအတွက် ထိုးနှက်ချက်တစ်ခုပါ။အခြေအနေတွေအားလုံးက ဘိုင်ယန်မြူးနစ်ဘက်မှာ ရှိနေပေမယ့် အရဲ့စွန်ပြီး PSGကို မျှော်လင့်ချင်ပါတယ်။ဂိုးများမှာဖြစ်ပြီး ဧည့်သည် PSGအသင်းကို အနိုင်ပေးချင်ပါတယ်။(ခန့်မှန်းရလဒ် ဘိုင်ယန်မြူးနစ် ၁ - ၃ PSG)


မြန်မာနေရှင်နယ်ပို့စ်





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)