တရုတ်ပြည်သူ့သမ္မတနိုင်ငံ(ချုံချင့်ပိရှန်းဒေသ)နှင့် မြန်မာနိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်ပြည်သူ့သမ္မတနိုင်ငံ(ချုံချင့်ပိရှန်းဒေသ)နှင့် မြန်မာနိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲအခမ်းအနားကျင်းပ





MNP ၊ မတ်  ၂၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ချုံချင့်ပိရှန်းဒေသ)နှင့် မြန်မာနိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ Lotte Hotel ၌ ယမန်နေ့တွင် ကျင်းပသည်။


အခမ်းအနားတွင် မြန်မာ-တရုတ်(ချုံချင့်၊ ပိရှန်းဒေသ) အကြား ပူးပေါင်းဆက်ဆံမှု တိုးမြှင့်လာစေရေး၊ အခွင့်အလမ်းများရှာဖွေနိုင်ရေး၊ နှစ်ဖက်အပြန်အလှန် အကျိုးရှိစေမည့်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦး၊ ပိရှန်းဒေသ ဒုတိယမှူး ကျန်းချွမ်းတို့မှ  မိတ်ဆက် အမှာစကားများ‌ ပြောကြားခဲ့သည်။


ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက “တရုတ်-မြန်မာနှစ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခွင့်ရရှိခြင်းဟာ  နိုင်ငံတကာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများအတွက် ကောင်းမွန်သော လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ကိုင်ရာတွင် အဓိကလိုအပ်သော အခြေခံအဆောက်အအုံများဖြစ်သည့် သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍတို့တွင် လာရောက်


ရင်းနှီးမြှုပ်နှံနိုင်ပါတယ်၊  ထို့အပြင်  အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာ၊ စက်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်းများ တင်သွင်းနိုင်မယ့်အခွင့်အရေးများလည်းရှိပါတယ်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍဟာ နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့်ကဏ္ဍဖြစ်ပြီး အခွင့်အလမ်းများစွာရှိတဲ့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်လိုပါတယ်၊ မိမိတို့နိုင်ငံတွင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက်  စိတ်ဝင်စားတက်ကြွတဲ့ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များစွာလည်း ရှိပါတယ်”ဟု ပြောကြားခဲ့သည်။


ပိရှန်းဒေသဆိုင်ရာ လုပ်ငန်းကိုယ်စားလှယ်များကလုပ်ငန်းရှင်များမှ မြို့ပြစီမံကိန်းများ၊ကျန်းမာရေးစောင့်ရှောက်မှုလျှပ်စစ်သုံးယာဉ် (EV) ကား ထုတ်လုပ်မှု၊ ကြွေထည်ပစ္စည်းထုတ်လုပ်မှု၊   လျှပ်စစ်ကေဘယ်ထုတ်လုပ်တင်ပို့မှု၊ စက်ပစ္စည်း ကိရိယာများတင်သွင်း‌မှုနှင့်     မြန်မာနိုင်ငံတွင် EPC လျှပ်စစ်အစားထိုး အသုံးပြုနိုင်မည့် လျှပ်စစ် သိုလှောင်ကန် အသုံးပြုနိုင်ရေးစသည်တို့ကို  မိတ်ဆက်ခဲ့သည်။


မြန်မာလုပ်ငန်းရှင်များဖက်မှ EV ကားထုတ်လုပ်ရေးနှင့် Charging Station များ တည်ဆောက်ရေး၊ ကျောက်ဖြူ အထူးစက်မှုဇုန် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဖိတ်ခေါ် ဆွေးနွေးခဲ့သည်။


အခမ်းအနားသို့ မြန်မာနိုင်ငံကိုယ်စားလှယ်များအဖြစ် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း တာဝန်ရှိသူ ဦးစိန်ဝင်းအောင်၊ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း တရုတ်နိုင်ငံ ချုံချင့် ပိရှန်းဒေသမှ ပိရှန်းဒေသ ဒုတိယမှူး ကျန်းချွမ်းအပါအဝင် လုပ်ငန်းရှင်များ၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာဝင်းစည်သူ၊ ဒေါက်တာမြဟန်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဦးကျော်ဒေဝ၊ ဦးအောင်စိုးသာ၊ ဦးရဲမြင့်မောင် အမှုဆောင်အရာရှိချုပ် ဒေါက်တာဇော်ဌေး၊ ညီနောင်အသင်းများမှဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊  နှစ်ဖက်တရုတ်-မြန်မာစီးပွားရေးလုပ်ငန်းရှင်များ (၄၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)