ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာန မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာန မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေး


MNP   -   မတ်   ၂

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲများကို လာမည့် မတ် လ ၈ ရက်နေ့တွင် စတင် ကျင်းပတော့မည်ဖြစ်ရာ မြို့နယ်အတွင်း စာစစ်ဌာနပြုလုပ်မည့် အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို)အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို မတ် လ ၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့မှ ဆောင်ရွက်ခဲ့သည်။


ထိုသို့ စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဌာန တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့များက စာစစ်ဌာနကျောင်းရှိ စာမေးပွဲ ဖြေဆိုမည့်အခန်းများတွင် လျှပ်စစ်မီး သွယ်တန်းထားရှိသည့်အခြေအနေများ၊ လျှပ်စစ်မီးခလုတ်များ တပ်ဆင်ထားရှိမှု အခြေအနေများ၊ အရေးပေါ် မီးသတ်ဆေးဘူး ထားရှိ ဆောင်ရွက်ထားမှု အခြေအနေများ၊ ကျောင်းတွင်းရှိ ရေကန်ရေဖြည့်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုနေစဉ် ကာလလုံခြုံရေးဆောင်ရွက်မည့် နေရာများအားလိုက်လံ ကြည့်ရှု စစ်ဆေးခဲ့သည်။


ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို) စာစစ်ဌာန တစ်ခုထားရှိပြီး ကျောင်းသား၊ ကျောင်းသူ ၁၂၆ ဦးမှ စာမေးပွဲဝင်ရောက် ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


ဝေယံ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)