မင်းရဲမြောင်းမှ တိုက်ရိုက်ရေပေးပြွန် (၅) လုံး ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ (၄၀၀) ဧက စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေနိုင်ပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းရဲမြောင်းမှ တိုက်ရိုက်ရေပေးပြွန် (၅) လုံး ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ (၄၀၀) ဧက စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေနိုင်ပြီဖြစ်


MNP   -   မတ်   ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မင်းရဲစိုက်ပျိုးရေပေးမြောင်းမှ တိုက်ရိုက်ရေပေးပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ (၄၀၀) ဧကအား စိုက်ပျိုးရေများပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် ပြည်ဝစွာပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။


ပြန်လည်ပြုပြင်ပေးခဲ့သည် ရေပြွန်များသည် ကျောက်ဆည်မြို့နယ် သင်တောင်းကြီးကျေးရွာအနီး မင်းရဲမြောင်း၏ အာဒီ (-၁၅+၇၈၀) အတွင်းရှိ တိုက်ရိုက်စိုက်ပျိုးရေ ပေးဝေနေသည့် ပြွန်များဖြစ်ပြီး ပြွန်များမှာ နှစ်ကာလကြာမြင့်ပြီး ပြွန်ထိပ်နဖူးစည်းဘေးဝဲ/ယာတွင် ကျောက်စီနံရံမရှိခြင်း၊ ထိန်းချုပ် ရေထိန်းတံခါး မပါသဖြင့် အလှည်ကျစနစ်ဖြင့် စိုက်ပျိုးရေများ ပေးဝေရာတွင် မြောင်းအထက်ပိုင်းရှိ သီးနှံစိုက်ခင်းများ ရေပိုရ၍ မြောင်းအောက်ပိုင်း သီးနှံစိုက်ခင်းများတွင် စိုက်ပျိုးရေလောက်ငှမှု မရရှိခြင်း တို့ကြောင့်  မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၃၀.၀၀၀) ကျပ်သန်းဖြင့် ပြန်လည် ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရသည်။


ပြန်လည်ပြုပြင်ရာတွင် အကျယ်(၁၅)လက်မ၊ အရှည်(၂၀)ပေ သံကွန်ကွန်ကရစ်ပြွန်(၁)လုံး၊ အကျယ် (၉)လက်မ၊ အရှည်(၂၀)ပေ သံကူကွန်ကရစ်ပြွန်(၂)လုံး၊ အကျယ်(၆)လက်မ၊ အရှည်(၂၀)ပေ သံကူကွန် ကရစ်ပြွန် (၂)လုံး စုစုပေါင်းပြွန်(၅)လုံးဖြင့် အစားထိုးခဲ့ပြီး ပြွန်များ ရေစားဒဏ်ခံနိုင်ရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲရေး၊ ပြွန်ထိပ်ဝဲ/ဘေးများတွင် ကျောက်သားနံရံများစီးပေးခြင်း၊ ရေထိန်းတံခါးများ တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်နှင့်  ရေပြွန်များပြန်လည်ပြုပြင်ပေးခြင်းကြောင့် အဆိုပါ ရေပြွန်များမှ စိုက်ပျိုးရေများပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှု နည်းပါးစွာဖြင့် မြောင်း၏ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ စိုက်ခင်းများအား စိုက်ပျိုးရေများညီညွှတ်မျှတစွာ ရေထိန်းတံခါးများဖြင့် ပေးဝေး နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)