တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန်အတွက် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန်အတွက် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး





MNP ၊ မတ်  ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့စာစစ်ဌာန၌  ၂ဝ၂၂ - ၂၀၂၃  ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ယမန်နေ့ နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။


ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းဗိုလ်၊ နယ်‌မြေမီးသတ်စခန်းမှဒုဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦး‌ဝေယံစိုးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများက ကလိန်အောင်မြို့စာစစ်ဌာနတွင် စာ‌မေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် မီးလောင်မှုနှင့် မီးလန့်မှုမဖြစ်ပွားစေရန်၊ မီးဘေးလုံခြုံရေးအတွက် ကျောင်းဆောင်ခန်းအပြင် မီးသတ်ဆေးဘူးများထားရှိမှုနှင့် မီးသတ်ဆေး‌ဘူးများ  သက်တမ်းကုန်ဆုံးခြင်း ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း၊ စာသင်ခန်းများ အတွင်း/အပြင် သန့်ရှင်မှုရှိ/မရှိ၊ စာသင်ခုံတန်းများ ခိုင်ခံမှုရှိ/မရှိ စသည့်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည့်များကို သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။


အဆိုပါ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်း ကျောင်းစာစစ်‌ဌာနတွင် ၂၀၂၂- ၂၀၂၃ ခု ပညာသင်နှစ်တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုရမည့် ကျောင်းအတွင်းဖြေ -ကျား-၄ ဦး၊ မ-၃ ဦး၊ ပေါင်း- ၇ ဦး၊အပြင်ဖြေ ကျား-၆ဦး/မ-၁၃ဦး၊ ပေါင်း-၁၉ဦး၊ စုစုပေါင်း -၂၆ ဦးတို့လည်းကောင်း၊ ရာဖူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ အတွင်းဖြေ- ကျား-၂ ဦး၊ မ- ၇ ဦး၊ ပေါင်း-၉ ဦး၊ စာစစ်ဖြေစုစုပေါင်း စာရင်းရှိ- ၃၅ ဦးတို့သည် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။


ခင်ခင်လဲ့

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)