မြဝတီမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၃)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၃)ဖွင့်လှစ်




MNP ၊ မတ်  ၈

သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာများသိရှိပြီး ကိုယ်တိုင်လိုက်နာဆောင်ရွက်ရုံသာမက ရပ်ရွာအတွင်းရှိ ပြည်သူလူထုထံသို့ သဘာဝဘေးလျော့ပါးရေး အသိပညာများအား ဆင့်ပွားဖြန့်ဝေပေးနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၃)ဖွင့်ပွဲ အခမ်း အနားကို မြဝတီခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင် မတ်လ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြဝတီခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားရာ ယခုသင်တန်းတွင် တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာများသိရှိပြီး ကိုယ်တိုင်လိုက်နာ ဆောင်ရွက်ရုံသာမက ရပ်ရွာအတွင်းရှိ ပြည်သူလူထံသို့လည်း သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာများ အားဆင့်ပွား ဖြန့်ဝေပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် မြဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဦးဉာဏ်ဖြင့်က သင်တန်းပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။


အဆိုပါ သင်တန်းကို မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ သုံးရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ပြီး မြဝတီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နှင့် ပရဟိတအသင်းအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၀ ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။


ထိန်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)