Pages

Pages

ဆင်ပေါင်ဝဲမြို့နယ်တွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး



MNP ၊ မတ်  ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင်ဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။


ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများရောင်းချခြင်းမရှိစေရေး၊ အိမ်သုံးဆေးဝါးတိုင်းရင်းဆေးများတွင် ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ မှတ်ပုံတင်အမှတ်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ခန့်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment