Pages

Pages

ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ


MNP ၊ မတ်  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ စာရေးဆရာ ကျော်ဝင်းဟိန်း (ပခုက္ကူ) ရေးသားသော "နှလုံးသားယဉ်‌ကျေးမှု စာစုများ" စာအုပ်ဖြင့် ယမန်နေ့  မွန်းလွဲ ၃နာရီ အချိန်က စာဖတ်ဝိုင်း‌ပြုလုပ်ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက် ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီ မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) ဥက္ကဋ္ဌ ဦးစန်းမြင့်၊ နာယက ဦးစိုးကြည်နှင့် အဖွဲ့ဝင် ဦးမြင့်ဟန်တို့က "နှလုံးသားယဉ်‌ကျေးမှု စာစုများ" စာအုပ်မှ ကမ္ဘာပေါ်က အတော်ဆုံးလူ၊ တန်ဖိုးမရှိသောကြွယ်ဝမှု၊ အပြစ်တင်မစောမိပါစေနဲ့၊ တန်ဖိုးထား နာလည်တက်ပါစေ၊ ရိုးသားခြင်း စသည့် စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင် ဆွေးနွေးရာ တက်ရောက်လာသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား/ကျောင်းသူလေးများနှင့် အတူ ဆွေးနွေးခဲ့‌‌ကြောင်း သိရသည်။


ထက်ဝေဖြိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment