မင်းတုန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတုန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ


MNP ၊ မတ်  ၁၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် မင်းတုန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ လမ်းမတော်လမ်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ယနေ့နံနက် ၁၀ နာရီခွဲတွင် အလျား ၈ ပေ၊ အနံ ၅ ပေ၊ အမြင့် ၁၂ ပေရှိ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့ တက်ရောက်ခဲ့ကြသည်။


အဆိုပါ အသိပညာပေးမြေစိုက်ပိုစတာတွင် ကလေးအလုပ်သမားနှင့် ပတ်သက်၍ ဆိုင်(သို့)  ကုန်သွယ် အလုပ်ဌာန(သို့) အများပျော်ရွှင်ရေး အလုပ်ဌာန၌ အသက် (၁၄)နှစ် မပြည့်သေး သောသူကို အလုပ်လုပ်ခွင့်မပြုရ၊ အသက်(၁၈)နှစ် မပြည့်သူကို အန္တရာယ်ရှိသော အလုပ်တွင် မလုပ်စေရ(သို့) လုပ်ခွင့်မပြုရ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ(သို့) ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေသော အလုပ်လုပ်ရန် ခိုင်းစေခြင်းမပြုရ၊ ကလေးအလုပ်သမားခိုင်းစေခြင်းအား အတူတကွတိုက်ဖျက်ကြပါစို့၊ ကျွန်ုတို့ ကလေးများ၏ အနာဂတ် လုံခြုံစိတ်ချနိုင်ရန် ကလေးလုပ်သားခိုင်းစေခြင်းကို အဆုံးသတ်ခြင်းဖြင့် စတင်လုပ်ဆောင်ကြပါစို့ စသည့်အသိပညာပေးအကြောင်းအရာများနှင့် ရုပ်ပြကာတွန်းများ၊ ကလေးသူငယ်များ စာသင်ခန်းတွင် ပညာသင်ကြားနေရမည့်အရွယ် စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေ ကြခြင်းမှာ ကလေး၏အနာဂတ်ကိုသာမက နိုင်ငံ၏အနာဂတ်ကိုပါ ထိခိုက်နစ်နာစေသည့်အတွက် ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေအရ မည်သည့်အလုပ်ရှင် မဆို(ပုဒ်မ ၁၃နှင့်၁၄ )ပါ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များမှ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျုးလွန်ပါက (၆) လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း(၅၀)မှ  အများဆုံးကျပ် သိန်း(၁၀၀)အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်းတို့ပါဝင်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)