ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(သင်ရိုးသစ်) ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ဆွေးနွေးပွဲ ဖွင့်လှစ်ပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(သင်ရိုးသစ်) ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ဆွေးနွေးပွဲ ဖွင့်လှစ်ပို့ချ






MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အခြေခံပညာမူလတန်းအဆင့်(သင်ရိုးသစ်)ဘာသာရပ်စွမ်းရည် မြှင့် မွမ်းမံသင်တန်း/ဆွေးနွေးပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းရှိ စန္ဒကူးခန်းမတွင် ဖွင့်လှစ်ပို့ချသည်။ 


သင်တန်းဖွင့်ပွဲတွင် ကျောက်ဖြူခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးကျော်သန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက သင်တန်းဖွင့်လှစ် ပို့ချရခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းအားဆက်လက် ပို့ချရာ သင်တန်းသား၊သင်တန်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးခဲ့ကြသည်။ 


အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာ(၃၁)ဦးတို့က ကျောက်ဖြူမြို့နယ်အတွင်းရှိ  အခြေခံ ပညာကျောင်းများမှ မူလတန်းပြ၊ ဒုမူလတန်းပြ၊ လက်ထောက်မူလတန်းပြနှင့် မူအုပ်ဆရာ၊ဆရာမ (၉၆၀) ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး စသည့်ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ ဆွေးနွေးပို့ချပေးလျက်ရှိပြီး သင်တန်းကာလမှာ  မတ်လ ၂၈ ရက်နေ့မှ  ၃၁ ရက်နေ့အထိ (၄)ရက်ကြာ ပို့ချပြသပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရ သည်။

 

တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)