ရွှေတောင်မြို့ ၊ သမိုင်းဝင်ရွှေနတ်တောင်စေတီတော်မြတ်ကြီး နှစ်ထပ်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့ ၊ သမိုင်းဝင်ရွှေနတ်တောင်စေတီတော်မြတ်ကြီး နှစ်ထပ်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

 









MNP ၊ မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မယားမာန် ကျေးရွာအုပ်စု ၊မယားမာန်ကျေးရွာတွင်တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင်ရွှေနတ်တောင်စေတီတော်မြတ်ကြီး နှစ်ထပ်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်သံဃာတော်များ၊ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး ၊ ခရိုင်စီမံအုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှအရာရှိ၊အရာခံစစ်သည်မိသားစုများ၊အလှူရှင်ပြည်သူများ၊ရွှေနတ်တောင်စေတီတော်မြတ်ကြီးဂေါပကအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ၊ ရပ်နီးရပ်ဝေးရှိဘုရားဖူးဧည့်သည်တော်များ တက်ရောက်ပူဇော်ခဲ့ကြသည်။

အခမ်းအနားကို  နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မြို့မရွှေမော်တော်ကျောင်းဆရာတော်ထံ ကိုးပါးသီလခံယူခြင်း၊ နှစ်ထပ်စိန်ဖူးတော်ကြီးနှင့် ငှက်မြတ်နားတော်ကြီးတို့အား ဆက်ကပ်လှူဒါန်းခြင်း၊လှူဒါန်းမှုအစုစုတို့အားရေစက်သွန်းချအမျှဝေခဲ့ကြသည်။

ထို့နောက် နှစ်ထပ်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ဆရာတော်သံဃာတော်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အလှူရှင်များမှ လွှဲပြောင်းယူ၍လက်ယာရစ်(၃)ပတ်လှည့်လည် ပူဇော်ခဲ့ပြီး စေတီတော်၏ အထွဋ်အထိပ်သို့ နတ်မြင်းပျံ ပန်းရထားဖြင့် နှစ်ထပ်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မင်္ဂလာအချိန်တွင် ပင့်ဆောင် တင်လှူပူဇော်ခဲ့ကြပြီး ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးလျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ကိုကိုမင်း 

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)