မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Online စနစ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Online စနစ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ


MNP   -   မတ်   ၂

မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား/သူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် ၉ နာရီက Online စနစ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သည်။


လူငယ်စကားဝိုင်းတွင် မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှူး ဦးကျော်ထက်က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်သည့် မောင်ကောင်းမြတ်ဝင်း၊ မောင်ဖြိုးစည်သူ၊ မလယ်မီး၊ မနောပန်းအိထွန်းနှင့် မခေါင်ညွယ်  တို့က အချိန်၏တန်ဖိုး၊ လူငယ်နှင့်ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် သင့်မြတ်အောင်နေထိုင်ခြင်း၊ ငွေကြေး၏တန်ဖိုး၊ လူငယ်နှင့်အနာဂတ် စသည့် ခေါင်းစဉ်များဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် အတွေ့အကြုံများ၊ အတွေးအခေါ်များကို အသီးသီး‌ဆွေးနွေးကြရာ အစီအစဥ်တင်ဆက်သူက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


အဆိုပါ လူငယ်စကားဝိုင်းကို Myitkyina Community Centre Facebook Page တွင် ထုတ်လွှ င့်တင်ဆက်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးမှ သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)