မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ခဲပန်းချီသင်တန်းနှင့် အင်္ဂလိပ်(Speaking)သင်တန်းများကို (အခမဲ့)ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ခဲပန်းချီသင်တန်းနှင့် အင်္ဂလိပ်(Speaking)သင်တန်းများကို (အခမဲ့)ဖွင့်လှစ်သင်ကြား


MNP ၊ မတ်  ၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိဉာဏ်ပညာတိုးတက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ခဲပန်းချီသင်တန်းနှင့် အင်္ဂလိပ်(Speaking)သင်တန်းများကို ယနေ့နံနက်(၁၀)နာရီမှစ၍အခမဲ့ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။


သင်တန်းတွင် မင်္ဂလာဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြတ်မွန်ခင်က ယခုသင်တန်းများတွင် သင်ကြားပေးသည့်ပညာရပ်များကို သေချာလေ့လာမှတ်သားစေလိုကြောင်း အမှာစကားပြောကြားကာ ခဲပန်းချီရေးဆွဲနည်းများကို နံနက်(၁၀)နာရီမှ မွန်းတည့်(၁၂)နာရီအထိ ဆရာမကြည်သာရီက လက်တွေ့သင်ကြားပေးလျက်ရှိပြီး ဆက်လက်၍ မွန်းလွဲ(၁)နာရီမှ (၃)နာရီအထိ ဆရာမဒေါ်ဌေးဌေးက အင်္ဂလိပ်(Speaking) သင်တန်းကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိသည်။


အဆိုပါသင်တန်းကို အစိုးရရုံးပိတ်ရက်များမှအပ မတ်လ(၉)ရက်နေ့မှ (၁၉)ရက်နေ့အထိ(၁၁)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပြီး ထိုသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူ(၂၅)ဦးတို့က စိတ်ပါဝင်စားစွာ လာရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


မြတ်သူဇာ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment