သံတွဲခရိုင်၊လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ Youth Club နှင့်စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်၊လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ Youth Club နှင့်စာဖတ်ဝိုင်းကျင်းပ




MNP ၊ မတ်  ၁၆

 ရခိုင်ပြည်နယ်၊သံတွဲခရိုင် ၊ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ နှင့် Youth Club နှင့် စာရေးဆရာဖေမြင့် ရေးသားသည့် “ပြောတတ် ဆိုတတ် ပေါင်းသင်းးတတ်တဲ့သူ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


            ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ် က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  မဉာဏ်ရည်မွန်မြင့်က စာရေးဆရာဖေမြင့် ရေးသားသည့် “ပြောတတ် ဆိုတတ် ပေါင်းသင်းးတတ်တဲ့သူ”စာအုပ်မှ “အပြောအဆိုလိမ္မာသူတို့၏ အမူအကျင့်ကောင်းများ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊  မအိအိကျော် က “သူစိမ်းတွေနဲ့လည်းခင်ခင်မင်မင်” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မလင်းအိအိဖြိုး က “အားနာပါးနာခေါင်းမငြိမ့်ပါနှင့်”ခေါင်းစဉ်များဖြင့် အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြရာ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ် က ခေါင်းစဉ်တစ်ခုချင်းအလိုက် အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ 


အဆိုပါစာအုပ်သည် သားနဲ့သမီးလူငယ်များအတွက်သာမကပဲ နိုင်ငံတာဝန်ကိုအဆင့်အသီးသီးဖြင့် တာဝန်ထမ်းဆောင်နေသူများနှင့်ပြည်သူများ၊ကျောင်းသား၊ကျောင်းသူလူငယ်များ ဘဝတိုးတက်အောင်မြင်ရေးအတွက် လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာများ ကျွမ်းကျင်စွာတတ်မြောက်လာစေပြီး အဖွဲ့အစည်းများ ပုဂ္ဂိုလ်များအတွက် ဆက်ဆံရေးအတိုင်ပင်ခံများအဖြစ် ဆောင်ရွက်ရန် မကြံရွယ်သည့်တိုင် လူတိုင်းပင် မိမိရောက်ရှိနေသည့် အဆင့် ကျင်လည်နေရသည့်နေရာ တို့၌ အဆင်ပြေချောမွေ့အောင်နှင့် ယခုထက် ပိုမိုမြင့်သောနေရာ  အနေအထားများသို့ရောက်ရှိအောင် မိမိကိုယ်ကိုမြှင့်တင်နိုင်ရန်အတွက်  ရေးဖွဲ့ထားသော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပြီး ဗဟုသုတများစွာရရှိသဖြင့်  လူငယ်များ လေ့လာဖတ်ရှု့သင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။


            ယခုလိုစာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းဖြင့်  ပြည်သူများနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်ခြင်းကြောင့်ရှိလာသည့်အသိပညာဗဟုသုတများဖြင့် လူမှုစီးပွါးဘဝ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ထို့အပြင်   ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)