နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ


MNP ၊ မတ်  ၂၀

မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ  ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ ဘဝထဲကသင်ခန်းစာ စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး (Book Club) အဖွဲ့ဝင်များက ကောင်းသောအကြောင်းအရာများကို တွေးသင့်သည်။ ကောင်းသောရည်ရွယ်ချက်ဖြင့် ကြံစည်ရမည်။ ကောင်းသောအချက်အလက်များကို စဉ်းစားမှသာလျှင် ကောင်းသောအပြောအဆို၊ ကောင်းသောအပြုအမူတို့ မိမိဆီက ပေါ်ထွက်လာနိုင်ကြပေသည်။ ထို့ကြောင့် မည်သူမဆို ကုသိုလ်နှင့်ယှဉ်သော ကောင်းမူနှင့်ဆက်နွယ်သော တွေးတော ဆင်ခြင်မှု၊ စဉ်းစားကြံစည်မှုတို့ဖြင့် ပြည့်စုံအောင် ကြိုးစားသင့်ပေသည် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ ဘဝတဲကသင်ခန်းစာ စာအုပ်ပါအကြောင်း အရာများမှ နားလည်မှတ်သားထားရှိမှုများကို နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


သန်းအောင်ဇော်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)