ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီအခြေခံပန်းချီသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီအခြေခံပန်းချီသင်တန်း ဖွင့်လှစ်





MNP ၊ မတ် ၂၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီအခြေခံပန်းချီ(အခမဲ့)သင်တန်းကို ယနေ့ နံနက် ပိုင်းက ဖွင့်လှစ်ပြသသည်။


သင်တန်းဖွင့်ပွဲတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ နွေရာသီကျောင်း ပိတ်ရက်ရှည်ကာလများအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပန်းချီအနုပညာ သဘောတရားများကိုသိရှိပြီး မိမိတို့ပတ်ဝန်းကျင်တွင်ရှိသည့် တောတောင်ရေမြေသဘာဝအလှတ ရားများကို ခံစားရေးဆွဲတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်သင် ကြားရခြင်းဖြစ်ကြောင်း ပြောကြားသည်။ထို့နောက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို သင်တန်း နည်းပြဆရာ ဦးအောင်နိုင်ဝင်းက ဆက်လက်သင်ကြားပြသပေးရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာသင်ယူခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ ၂၉ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ ပို့ချပြသသွားမည်ဖြစ်သည်။


ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအင်္ဂလိပ်စာ(အခမဲ့)သင်တန်း၊ အခြေခံကွန်ပျူတာ(အခမဲ့) သင်တန်းများကို မတ်လ ပထမအပတ်မှစတင်ကာ ဖွင့်လှစ်ပြသလျက်ရှိပြီး ယနေ့တွင် နွေရာသီ အခြေခံပန်းချီ(အခမဲ့)သင်တန်းကို ဆက်လက်ဖွင့်လှစ်ပြသလျက်ရှိကြောင်းသိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)