MNP ၊ မတ် ၂၀
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ရှည်များတွင် အချိန်ကို အလဟသမကုန်ဆုံးစေဘဲ အကျိုးရှိစွာ အသုံးချတတ်စေရန် ပန်းချီသင်တန်းကို ယနေ့ နေ့လယ် ၁၂နာရီ အချိန်မှစတင်၍ ဖွင့်လှစ် သင်ကြားပေး လျှက်ရှိကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေ မှ ကျောင်းသား၊ ကျောင်းသူ ၊ လူငယ်များဘက်စုံဖွံ့ဖြိုးရေးအတွက် နွေရာသီ ကျောင်းပိတ်ရက်၌ အချိန်ကို အကျိုး ရှိစွာ အသုံးချတတ်စေရန် ပန်းချီသင်တန်း ဖွင့်လှစ်ရ ခြင်း ရည်ရွယ် ချက် ကို ရှင်းလင်း ပြောကြား ခဲ့သည်။
အဆိုပါ ပန်းချီသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓါတ်ပုံကျွမ်းကျင်-၂ ဦးခင်မောင်ထွန်းက သင်တန်းနည်းပြဆရာအဖြစ် သင်ကြားပို့ချပေးသွားမည် ဖြစ်ပြီး နွေရာသီ ကျောင်းပိတ်ရက်များတွင် လျှောက်သွားလည်နေမယ့်အစား အလယ်တန်း၊ အထက်တန်းအဆင့် ရှိ သင်တန်းသူ/သားများ အသိပညာဗဟုသုတရရှိစေရန် ပန်းချီသင်တန်းကို သင်ကြားပို့ချ လျှက်ရှိ ကြောင်း သိရသည်။
ထိုသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်ရွှေ နှင့် ဝန်ထမ်းများက တက်ရောက် လာသော သင်တန်းသား/သူ (၃၀) ဦးတို့ကို စာအုပ်၊ခဲတံများ အခမဲ့ပေးဝေခဲ့ပြီး တစ်ရက်ကို ၂ နာရီ ကြာသင်ကြား၍ သင်တန်းကာလ ကိုလည်း မတ်လ ၂၀ ရက်နေ့မှ စတင်၍ တစ် လတိတိ အခမဲ့သင် ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment