နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ






MNP ၊ မတ်  ၁၆

မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ စာကောင်းပေကောင်းရဲ့ အရသာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး (Book Club) အဖွဲ့ဝင်များက စိတ်ကောင်းရှိခြင်းတွင် သီလဖြူစင်ခြင်း လည်း အကျုံးဝင်လိမ့်မည်။ စည်းကမ်းကို ရိုသေလေးစားလိုက်နာခြင်းလည်း ပါလိမ့်မည်။ ကိုယ်ချင်း စာတရားနှင့် စာနာခြင်း၊ ကြင်နာခြင်း အနစ်နာခံနိုင်ခြင်း၊ သူတပါးကိုကူညီတက်ခြင်း၊ ကောင်းစာ စေလိုခြင်း၊ ကြီးပွားတာကိုမုဒိတာ ထားနိုင်ခြင်း စသောစိတ်ထားမျိုးတွေ ပါဝင်ပေလိမ့်မည်။ ယူဖို့ရဖို့ထက် ပေးဖို့ မျှဝေဖို့ စဉ်းစားလေ့ရှိခြင်းမှာ စိတ်ကောင်း စေတနာကောင်းရှိခြင်း သဘော လက္ခဏာဖြစ်ပါသည်။ စိတ်ကောင်းမရှိသူက ငါပဲယူမည် သူတစ်ပါးဘာဖြစ်နေနေဆိုသော သဘောမျိုးရှိ လေသည် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ စာကောင်းပေကောင်းရဲ့ အရသာ စာအုပ်ပါ အကြောင်းအရာများမှ နားလည်မှတ်သားထားရှိမှုများကို နွားထိုးကြီးမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


သန်းအောင်ဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)