MNP ၊ မတ် ၂၃
ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် (Youth Club) အဖွဲ့ဝင်များက စာရေးဆရာအောင်ကိုဦး(UMK) ရေးသားထားသော " ကတိစကားလေး တစ်ခွန်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ကြသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က "လယ်သမားနဲ့ စိန်တုံးများစွာ" အကြောင်းကို ရှေ့ဦးစွာပြောကြားပြီး (Youth Club) အဖွဲ့ဝင်များဖြစ်ကြသည့် မစိုးစိုးဦး က "လှတာလေးမှ သဘောကျတယ်" အကြောင်းကိုလည်းကောင်း၊ မမေသက်ဝေက "လိပ်ပြာ သန့်ပါစေ" အကြောင်းကိုလည်းကောင်း၊ မောင်ကျော်လင်းဦး က"အသိအမှတ်လေးတော့ ပြုပေးပါ"အကြောင်း တို့ကိုဆွေးနွေးရာ စာဖတ်ဝိုင်းသို့တက်ရောက်သော ဝါသနာရှင်များကလည်း မိမိတို့သိသော အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment