ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား


MNP ၊ မတ်  ၂၂

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာ အတတ်ပညာများတိုးတက်ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာ သင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။


ထိုသို့ ဖွင့်လှစ်သင်ကြားလျက်ရှိရာ နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီအထိ နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်းသင်တန်း ဒုတိယအပတ်၊ ဒုတိယနေ့တွင် ပန်းချီဆရာ ဦးမြင့်သန်းဦးက အရောင်ရောစပ်နည်းအခြေခံများနှင့် ရုပ်ပုံရေးဆွဲနည်းများအားလည်းကောင်း၊ မွန်းလွဲ ၁ နာရီ မှ ၂ နာရီခွဲအထိ နွေရာသီအင်္ဂလိပ်စာသင်တန်း ဒုတိယနေ့တွင် အင်္ဂလိပ်စာဆရာ ဆရာရှိုင်းက Basic Speaking, Listening နှင့် အင်္ဂလိပ်စာ အသုံးအနှုန်းများအကြောင်းအားလည်းကောင်း အသီးသီးသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်သစ်ကြားလျက်ရှိသည့် နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်းသင်တန်းတွင် ကျောင်းသား/ကျောင်းသူ (၄၀) ဦးနှင့် အင်္ဂလိပ်စာ သင်တန်းတွင် Grade-6 မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူ (၁၇) ဦးတို့ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


ဖြူလူသစ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)