Pages

Pages

ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ


MNP ၊ မတ်  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ (Book Club)အသင်းနှင့် Women Club တို့  ယမန်နေ့က စာရေးဆရာချစ်စံဝင်း ရေးသားသည့် “အချိန်ကိုမိတ်ဆွေဖွဲ့ပါရန်သူမလုပ်ပါနှင့်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်နန့်ဆွေနွယ်ဦး(ဦးစီးအရာရှိ)မှ တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး (Women Club)အဖွဲ့ဝင်၊ ဒေါ်နွယ်နွယ်အေးက အချိန်ကိုဇယားချ၍သုံးခြင်း  အကြောင်းအရာအားလည်းကောင်း၊ (Book Club)အဖွဲ့ဝင်ဦးတင်ထွန်းဦးက မြန်မာစရိုက်နှင့်အချိန်အကြောင်းအရာအားလည်ကောင်း၊ မွေးသည့်မှအလုပ်စတင်ဝင်သည်အထိ အချိန်စသည့်အကြောင်းအရာပါ (စာရေးဆရာ)ချစ်စံဝင်းရေးသားသည့် အချိန်ကိုမိတ်ဆွေဖွဲ့ပါရန်သူမလုပ်ပါနဲ့  စာအုပ်အားဖတ်ကြား ဆွေးနွေးခဲ့ရာ ၎င်းစာအုပ်ပါ အကြောင်းအရာများကို  အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြကြောင်း သိရသည်။


ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့်  ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှတစ်ဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ သင်တန်းများကျင်းပပြုလုပ်ပေးခြင်း၊ Talk Show နှင့်စာဖတ်ဝိုင်းများကိုလည်း စဥ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဆွေနွယ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment