Pages

Pages

နတ်တလင်းမြို့နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ


MNP ၊ မတ်  ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးဒေါ်လဲ့ဝါမြင့်နှင့်ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးတို့မှ  ယမန်နေ့နေ့လယ်(၁)နာရီအချိန်က ဂျပန်ဦးနှောက်ရောင်ရောဂါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လဲ့ဝါမြင့်က အသိပညာပေး Talk Show  ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး‌ဒေါ်ထားထားဦက ဂျပန်ဦးနှောက်ရောင်လက္ခဏာများအကြောင်း၊ ရောဂါအခြေအနေဆိုးရွာလာပါကဖြစ်ပေါ်လာသောလက္ခဏာများ၊ ဂျပန်ဦးနှောက်ရောင်ရောဂါကူးစက်ဖြစ်ပွားနိုင်သူများ၊ ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ရောဂါမဖြစ်စေရန်ကာကွယ်ခြင်းများနှင့်ပက်သက်ပြီး အကျယ်တဝင့်ရှင်းလင်း​ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဝေယံဖြိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment