ရသေ့တောင်မြို့နယ် လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပုံပြင်လေးတွေပြောပြမယ်အစီအစဥ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ် လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပုံပြင်လေးတွေပြောပြမယ်အစီအစဥ်ကျင်းပ




MNP ၊ မတ်  ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ယနေ့နေ့လယ် ၁နာရီအချိန်က ရသေ့တောင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ပုံပြင်လေးတွေပြောပြမယ်အစီအစဥ်ကိုကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာရသေ့တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ရုပ်/သံ ကျွမ်းကျင်(၃)ဦးအောင်သိန်းဝေက ကျောင်းသား၊ သူလူငယ်များအနေဖြင့်အနာဂတ်တွင်ခေါင်းဆောင်ကောင်းများဖြစ်လာကြစေရန် လူအများရှေ့တွင်ပြောဆိုတတ်သည့် ရဲဝံ့သည့်စိတ်ရှိကြရန် ကျောင်းစာအပြင်ဗဟုသုတရရှိစေမည့်စာများအားဖတ်ကြရန်၊ ကလေးများအ ကြိုက် ပုံပြင်များပြောပြကြရာ အမက ၂ ကျောင်းသား မောင်‌ခန့်ထည်ဝါ က စီစီရဲ့သီချင်း ပုံပြင်ဖြင့်လည်းကောင်း၊ မောင်အောင်ဇော်ဖြိုးကယုန်နှင့်လိပ်ပုံပြင်ဖြင့်လည်းကောင်း၊ မောင်ဟိန်းထင်‌ဇော်ကသူငယ်ချင်းကောင်း  ပုံပြင်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။ 


  ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)