၁၁၅မိုင်တွင် "မန်းရာဇာ"အဝေးပြေးခရီးသည်တင်(Express) ကားပေါ်၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေးမွေးဖွား - Myanmar National Post

Myanmar National Post

News Agency

Breaking

၁၁၅မိုင်တွင် "မန်းရာဇာ"အဝေးပြေးခရီးသည်တင်(Express) ကားပေါ်၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေးမွေးဖွား





MNP ၊ မတ် ၆

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌ ရပ်နားထားသည့် "မန်းရာဇာ"အဝေးပြေးခရီးသည်တင်(Express)ကားပေါ်တွင်လိုက်ပါလာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မတ် ၅ ရက် ည ၁၀ နာရီခန့်က ကလေးမွေးဖွားခဲ့ကြောင်း သိရသည်။

၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၏ ပိုင်အိုးနီးယား စားသောက်ဆိုင်၌ ရပ်နားခဲ့သည့် "မန်းရာဇာ"အဝေးပြေးခရီးသည်တင်(Express)ကားမှ ပြန်လည်ထွက်ခွာရန် ခရီးသည်များအားစုနေစဉ် ကားပေါ်၌လိုက်ပါလာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှ ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။

Express ကားပေါ်၌ ကလေးမွေးဖွားနေကြောင်းသိရှိရသဖြင့် ပိုင်အိုးနီးယား စားသောက်ဆိုင်ပိုင်ရှင်မှ ယာဉ်ရပ်နားကွင်း၌ရပ်ထားသည့် "မန်းရာဇာ"ကားပေါ်သို့ ကလေးအနှီးများယူဆောင်ကာ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

ကလေးမွေးဖွားနေချိန်၌ အမြန်လမ်းကြက်ခြေနီအသင်းမှ အရေးပေါ်ကူညီမှုများပြုလုပ်နိုင်ရန် အသင့်စောင့်ဆိုင်းပေးခဲ့ပြီး သားဖွားဆရာမမှ ချက်ကြိုးဖြတ်ပေးခြင်း၊အ ချင်းကျရန်ပြုလုပ်ပေးခဲ့သဖြင့် မိခင်နှင့်ကလေးတို့ကျန်းမာလျက်ရှိကြောင်း သိရသည်။


Photo-ကိုဇော်မိုး

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)