မြောက်ဦးမြို့ ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေး ဖလား ရပ်ကွက်/ကျေးရွာ အုပ်စု ချစ်ကြည်ရေးဗိုလ်လုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဦးမြို့ ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေး ဖလား ရပ်ကွက်/ကျေးရွာ အုပ်စု ချစ်ကြည်ရေးဗိုလ်လုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ








MNP ၊ မတ်  ၆

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ် ရေးမှူးဖလားအလွတ်တန်းအမျိုးသား ဗိုလ်လုပြိုင်ပွဲကို ယမန်နေ့က ဗန္ဓုလရပ်ကွက် ၊ ဘောလုံး ကွင်း ၌ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အသင်း(၃၀) ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရှုံးထွက်စနစ်ဖြင့် ကစားခဲ့ကြရာ နောက်ဆုံးဗိုလ်လုပြိုင်ပွဲသို့ နယ်မြေခံတပ်မအသင်းနှင့် တောင်ရပ် အသင်းတို့ ယှဉ်ပြိုင်က စားကြရာ နယ်မြေခံတပ်မ အသင်းကို တောင်ရပ်ဘောလုံးအသင်းမှ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကာ ပထမ ဆုကို ဆွတ်ခူးအနိုင်ရရှိခဲ့သည်။

ဆုပေးပွဲအခမ်းအနားကို ကျင်းပကြရာ ပထမဆု ရရှိသော တောင်ရပ်အသင်းကို မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် မှ လည်းကောင်း ၊ ဒုတိယဆုရရှိသော နယ်မြေခံတပ်မအသင်း ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မှလည်းကောင်း၊ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု၊ ရှေ့တန်းအကောင်းဆုံးကစားသမားဆု ၊ အလယ်တန်း အကောင်းဆုံး အားကစားသမားဆု တို့ အား ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်ဘောလုံးဆပ်ကော်မတီ မှ တာဝန် ရှိ သူတို့က ဆုတံ ဆိပ်များ ကို ပေးအပ်ချီးမြှင့်ခဲ့သည်၊၊

ဆက်လက်၍  (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေး ဖလား ရပ်ကွက်/ ကျေးရွာ ပေါင်းစုံအမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ နယ်မြေခံတပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊လူမှုရေး အသင်း အဖွဲ့များ၊ ဘောလုံးဝါသနာရှင်များ ၊ ဒေသခံပြည်သူများတို့ တက်ရောက် အားပေး ခဲ့ကြကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)